Friday, August 6, 2010

ချစ်ဆုံးအတွက်မွေးနေ့ဆုတောင်း

သူငယ်ချင်းရေ…ဒီနေ့မှာကျရောက်တဲ့ နင့်ရဲ့မွေးနေ့အတွက် ကာရံမညီ စာမပီနဲ့ ရေးထားတဲ့ကဗျာ ဆက်ဖတ်ပါနော်…



“မွေးနေ့ဆုတောင်း”မွေးနေ့မင်္ဂလာ ၊ ချိန်ခါမှသည်
လာမည့်ရာချီ ၊ နှစ်အလီလီတိုင် ပိုင်ဆိုင်ချင်သမျှ ၊ ရွယ်ကာမျှဖြင့်
လိုတိုင်းတ၍ရပါစေ…။

ရင်ဆိုင်တွေ့မြဲ ၊ အခက်အခဲကို
ကျော်လွှားအောင်မြင်နိုင်ပါစေ…။

ကိုယ်လည်းကျန်းမာ ၊ စိတ်ချမ်းသာ၍
နှစ်ဖြာစိတ်ဝမ်းရွှင်လန်းစေ…။
………………………..စေ…။

………………………..စေ…။

………………………..စေ…..လို့
တန်ခိုးရှင်လိုအစွမ်းနဲ့
မန်းမှုတ်လို့မပေးနိုင်သည့်တိုင်
တတ်နိုင်သမျှဉာဏ်ရည်နဲ့
ဖွဲ့သီတဲ့ကဗျာအစွမ်းကြောင့်
ရွှင်လန်းစွာဒီတစ်ရက်မှာ
ပျော်မြူးကာပီတိတစ်ခုနဲ့
ကြည်နူးမှုဖြစ်စေ…။


I always
Wished for a
special friend
who'd be close
to my heart......
When I met you!
On your special day
I wish for you
May all your dreams
Wishes come true
Have a very
Happy Birthday
happy birthday Pictures, Images and Photos
6/7/2010မှာကြရောက်တဲ့ချစ်ဆုံးရဲ့မွေးနေ့မှာပျော်ရွှင်ပါစေ
မိဘအပေါ်သိတတ်တဲ့သမီးကောင်းရတနာတစ်ပါဖြစ်ပါစေလို့ လွမ်းကဆုတောင်းပေးလိုက်ပါတယ်
ဟိဟိ ချစ်သူနဲ့လည်းမြန်မြန်ဆုံးစည်ပါစေလို့ဆုတောင်းပေးပါတယ်
လာလည်တဲ့သူငယ်ချင်းတွေ ကိတ်မုန့်လည်းစားသွားနော်
Happy Birthday
အားလုံးကိုလေးစားလျှက်
လွမ်း

Friday, July 23, 2010

သားလေးအတွက်စာတစ်စောင်......

ဘိုးဘွားရိပ်သာတစ်ခုတွင်တွေ့သော စာလေးတစ်စောင်ပါ။
သား !
သား...ငယ်ငယ်တုန်းကပေါ့ အချိန်တွေ အများကြီးယူပြီး အစားစားတက်အောင် ဇွန်းကိုင်တက်အောင်၊ အကျီဝတ်တက်အောင်၊ ကြယ်သီးတပ်တက်အောင်၊ ဖိနပ်ကြိုးချည်တက်အောင်၊ ဆံပင်ဖြီတက်အောင်၊ နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့အတွက် မမေ့ နိုင်စရာလေးတွေပေါ့။ ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။ အဲဒါလေးတွေကို စဉ်စားမိတိုင်း အမေ အတွက် စိတ်မကောင်းဖြစ်ရတယ်။
ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။ ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား!
သား...သားမှတ်မိအုံးမလား။ သားငယ်ငယ်က အခေါက် ၁၀၀လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတပုဒ်ကိုလေ။ အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိ အမှတ်ရ နေတုန်းပေါ့ကွယ်။ ညတိုင်း ပြောနေကြ ပုံပြင်လေးတစ်ပုဒ်၊ တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့ မေးခွန်လေးတွေနဲ့ အမေရဲ့ တက်သလောက် မှတ်သလောက် ဥာဏ်နဲ့ ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။
သား....... ခုချိန်မှာတော့ အမေက သားငယ်ငယ်တုန်းက ဘဝလေးလို ဖြစ်နေပါပြီ။ သား..... အခုဆိုရင် အကျီကြယ်သီးတပ်တာ၊ ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။ အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊ ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။ သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။ ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။ သားနဲ့ တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။
သား....... ခုဆိုရင် မက်တပ်တောင် ကောင်းကောင်းမရပ်နိုင်၊ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။ သားရဲ့နွေးထွေးတဲ့ လက်တစ်စုံကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မည့် သေမင်းရဲ့ တံခါးဝဆီသို့  တဖြည်း...တဖြည်း...။

သူငယ်ချင်းတို့ရေ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။ မိဘထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။ မိဘဆိုတာကတော့ အစားထိုးလို့ မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။ မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေး တမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်လျှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ မေ့လျှော့ပါနဲ့လို့ ပြောကြားချင်ပါတယ်။